အမြို့မြို့အနယ်နယ်သတင်းများ

Feb 04,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက သရက်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 04,2022
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ တပို့တွဲလဆုတ်(၁)ရက်နေ့တွင်ကျရောက်မည့် (၇၅) ကြိမ်မြောက် မွန်အမျိုးသားနေ့ (စိန်ရတု) အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  မြို့လယ်ဘုရား‌ရှေ့တွင် ပြုလုပ်ခဲ့သည်။
Feb 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင်ယမန် နေ့နံနက် (၁၀)နာရီက(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုအလယ်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲကို  ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 04,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူး၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၂/၂၀၂၂) ကိုယမန်နေ့က သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။
Feb 04,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (Talk Show)ကို ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ နံနက် (၉)နာရီတွင် ကျင်းပခဲ့သည်။
Feb 04,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
Feb 04,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် သမဝါယမအသင်းတို့ပူးပေါင်း၍ ပြည်သူများ အစားအသောက်နှင့်ပတ်သက်၍ ဘေးကင်းလုံခြုံစေရန်အတွက် အစားအသောက်ဘေးကင်းလုံခြုံရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်း မ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 04,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြစ်ရေတင်ဖြင့် အိန္ဒိယငရုပ်မျိုး စိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာ သည့် ငရုပ်သီးစိမ်း တစ်ပိဿတစ်ထောင်နှစ်ရာကျပ် ရောင်းချရခြင်းကြောင့် အိန္ဒိယငရုပ်မျိုးစိုက် တောင်သူများ အဆင်ပြေနေကြကြောင်း ငရုပ်စိုက်တောင်သူများထံက သိရသည်။