သာယာဝတီမြို့နယ် သာယာအးကျေးရွာတွင် ဆောင်းသီးနှံ မတ်ပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

သာယာဝတီ    ဖေဖော်ဝါရီ  ၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  သာယာဝတီမြို့နယ် သာယာအေးကျေးရွာတွင် ဆောင်းသီးနှံ မတ်ပဲစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

အဆိုပါ မတ်ပဲစိုက်ခင်းအား သာယာအေးကျေးရွာရှိ တောင်သူဦးကြီးများသည် မိုးစပါးများ မရိတ်သိမ်းခင် (၁၅)ရက်ခန့်အလို မိုးစပါးစိုက်ခင်းများ အောင်ရေလွှတ်ချိန်တွင်  မတ်ပဲမျိုးစေ့များကို မိုးစပါးစိုက်ခင်းများအတွင်း နိုဝင်ဘာလဆန်းပိုင်းတွင် စတင်ကျဲပက် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မတ်ပဲစိုက်ခင်း တစ်ဧကကို (၁၀)တင်းမှ (၁၂)တင်းအထိထွက်ရှိပြီး မတ်ပဲ (၁)တင်းလျှင် (၄၂၀၀၀)ကျပ်မှ (၅၀၀၀၀)ကျပ်အထိ ရောင်းချရသဖြင့် မတ်ပဲစိုက်တောင်သူများ မိသားစု အပိုဝင်ငွေများ ရရှိမည်ဖြစ်၍ ကျေးလက်ဒေသဖွံ့ဖြိုးမှုကို   များစွာအထောက်အကူ ပြုကြောင်း မတ်ပဲစိုက်တောင်သူ ဦးတင်ဝိုင်းက ပြောကြားသည်။

သန့်ဇော်