ကော့သောင်းမြို့နယ်၊ ဆောင်းရာသီအခြေခံအားကစားသင်တန်းများဆင်းပွဲကျင်းပ

ကော့သောင်း ဖေဖေါ်ဝါရီ ၄ ရက်

ကော့သောင်းခရိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ဆောင်းရာသီ အခြေခံအားကစားသင်တန်းများဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်၊ နဝရတ် အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကော့သောင်းမြို့နယ်ပညာရေးမှူး ဒေါ်သန်းစိုးက သင်တန်းဆင်း အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဆောင်းရာသီအတွင်း အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဖွင့်လှစ်ပို့ချပေးခဲ့သည့် ပြေးခုန်ပစ်အားကစားနည်းများ၊ ပြေးခုန်ပစ်နည်း ပြ(ဆင့်ပွား) သင်တန်းသားများအား ကော့သောင်းခရိုင်အားကာမှူး ဦးခင်မောင်ဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းစိုးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းသူ၊ သင်တန်းသားများအား အားကစား ဝတ်စုံများထောက်ပံ့ပေးအပ် ချီးမြှင့်သည်။

ယင်းနောက် အေရိုးဗစ်သင်တန်းသူများမှ အေရိုးဗစ်သရုပ်ပြခြင်း၊ MFD သင်တန်းသူများက MFD သရုပ် ပြခြင်း၊ ရိုးရာခြင်းလုံးသင်တန်းသားများက ရိုးရာခြင်းစွမ်းရည်သရုပ်ပြ ကစားပြသကြပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။

အဆိုပါ ဆောင်းရာသီ အခြေခံအားကစားသင်တန်းများအဖြစ် ပြေးခုန်ပစ်သင်တန်းများ၊ အေရိုးဗစ်နှင့် MFD သင်တန်း၊ ပိုက်ကျော်ခြင်း၊ဘောလုံး နှင့်ရိုးရာခြင်းလုံးသင်တန်းများအား ကျောင်းသား လူငယ်များသို့ ဖွင့်လှစ်ပို့ချပေးခဲ့ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)