ကော့သောင်း ဖေဖေါ်ဝါရီ ၄
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်မှု လုပ်ငန်းစည်းကမ်းချက်များနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြ ကြောင်း သိရသည်။
လက်ရှိကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေး ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်အကြံပြုချက်များနှင့်အညီ ကော့သောင်းမြို့နယ် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက် (၁၀) ပြည့်ပြီး မိသားစုဝင် များနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများ အကြောင်းအကြောင်းကြောင့် နိုင်ငံသားကတ်ပြား ပျောက်ဆုံး ပျက်စီးသူများ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ရန် ကျန်ရှိသေးသူများနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများအား ပန်းခင်းစီမံချက်ဖြင့် (၁၈) လကြာ အချိန်ယူကာ ဆောင်ရွက်ပေးလျက်ရှိရာ ကော့သောင်း မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များအပြင် ကျေးလက်တောရွာများအထိ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)