Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မန်ကန်မြို့၌ ပွဲလူလို(ခေါ်)တံပူပွဲတော် ဘုရားမီး ပူဇော်ပွဲ
Feb 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ တပို့တွဲလဆန်း (၁၄)ရက်နေ့ ညနေပိုင်း တွင် နှစ်စဉ်ကျင်းပ ပြုလုပ်မည့် ပွဲလူလို(ခေါ်) တံပူပင်ပွဲတော် ဘုရားမီးပူဇော်ပွဲအတွက် စေတီပုံဖော်ခြင်းကို ယမန်နေ့ ညပိုင်းတွင် စတင်မီးရှို့ပူဇော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ ၂၄၀၀ ဂါလံလှူဒါန်း
Feb 16,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများသို့ ဖေဖော်ဝါရီ ၁၆ရက် နံနက် ၉နာရီအချိန်တွင် ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာနှစ်ရွာသို့ ရေဂါလံ ၂၄၀၀ လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ် ဉက္ကံမြို့တွင် Mask Campaign ပြုလုပ်
Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဉက္ကံမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ ပါးစပ် / နှာခေါင်းစည်း Mask တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ကို ယမန်နေ့ နံနက် ၇ နာရီအချိန်က ဉက္ကံမြို့ အနော်ရထာရပ်ကွက် ရန်ကုန် - ပြည် ကားလမ်းတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မီးဘေးသင့်နေအိမ်နှစ်လုံးအား ကန်ကြီးထောင့်မြို့၌ ထောက်ပံ့ပစ္စည်းများပေးအပ်
Feb 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာ၌ ယခုလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးသွားသော နေအိမ်နှစ်လုံးအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၌ ပြုလုပ်ရာ ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက အိမ်ပိုင်ရှင် မိသားစုများထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား မြို့နယ်သာသနာ့ဗိမာန်တော်တွင် ပြောင်းရွှေ့ ထိုးနှံပေး
Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန် ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယခင်ရွှေဂျိုးဖြူ ခန်းမ၌ ထိုးနှံပေးရာမှ ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ အိုးတန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းဘေးရှိ မြို့နယ် သာသနာ့ဗိမာန်တော်တွင် ပြောင်းရွှေ့ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ထဲရေးဝန်ကြီးဌာန မိသားစုဝင်များက မြို့ဦးညောင်ပင်ရွာမစာသင်တိုက်သို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းပြည်ထဲရေးဝန်ကြီးဌာန မိသားစုဝင်များက မြို့ဦးညောင်ပင်ရွာမစာသ…
Feb 16,2022
ပြည်ထဲရေးဝန်ကြီးဌာန အရာထမ်း အမှုထမ်း မိသားစုဝင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ဖေဖော်ဝါရီ ၁၅ ရက်မွန်းလွဲ ၂ နာရီခွဲက မြို့ဦးညောင်ပင်ရွာမပရိယတ္တိစာသင်တိုက် ဆရာတော် သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့နယ်၌ ဘောလုံးဒိုင်လူကြီး သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်
Feb 16,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဘောလုံးဒိုင်လူကြီး သင်တန်း(၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြိုနယ်အားကစားကွင်း ခန်းမတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်မြို့၌ တန်ဖိုးထားအပ်သော အရာများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Feb 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေ ချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်များ၊ စာဖတ်ဝါသနာရှင်များ ပူးပေါင်း၍ ယမန်နေ့ နံနက် ၉ နာရီအချိန်က စာရေးဆရာဖေမြင့် ရေးသားထားသည့် "တန်ဖိုးထားအပ်သောအရာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18734
Page
18735
Page
18736
Page
18737
Current page
18738
Page
18739
Page
18740
Page
18741
Page
18742
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department