ရန်ကုန် ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ကူးစက်မှု များပြားလာပြီး မိမိတို့ မြို့နယ်အတွင်းတွင်လည်း ပိုးတွေ့ရှိသူ ၁၆၈ ဦးခန့်ရှိပြီဖြစ်၍ မိမိမြို့နယ် အစီအစဉ်ဖြင့် Quarantine ထားရှိနိုင်ရေး လုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Version-7 နှင့်စပ်လျဉ်းသည့် ကိစ္စများအားရှင်းလင်းပြောကြားပြီး ကြိုတင်ပြင်ဆင်ဆောင် ရွက်ရမည့် Quarantine Center အား (၄၂)ရပ်ကွက်ရှိ ကျောင်းထိုင်ဘုန်းကြီး သင်တန်း ကျောင်းတွင် ပြင်ဆင်ဆောင်ရွက်သွားရန်နှင့် လုပ်ငန်းလိုအပ်ချက်များအား ကော်မတီဝင် များမှ ပူးပေါင်းဆွေးနွေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ကော်မတီဝင် ရပ်မိရပ်ဖဦးမြင့်ဇော်မှ လိုအပ်ချက်ဖြစ်သည့် ဦးစားပေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ဆက်စပ်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာသူများမှ ကဏ္ဍအလိုက် ဆွေးနွေး ပြောကြားကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ညနေ ၄ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
မြင့်မြင့်ရီ (ဒဂုံမြောက်)