ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်

ရှမ်းရွာသစ်  ဖေဖော်ဝါရီ ၁၆ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးအကြောင်းကို ပြည်သူများ သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်အေးအေးနွဲ့က  (Talk Show)ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီးရှမ်းရွာသစ်မြို့ အမျိုးသမီးရေးရာအဖွဲ့၀င် ဒေါ်နော်ဝင်းစိန်က လူကုန်ကူးမှုခံရနိုင်သည့် အခြေအနေ၊ ကူညီဆောင်ရွက်ပေးမှုအခြေအနေ၊ လူကုန်ကူးခံရသော အမျိုးသမီးများ၏ လူမှုဘ၀မြင့်မားရေးအတွက် ဆောင်ရွက်နေမှုများ၊ အမျိုးသမီးများအနေဖြင့် လူကုန်ကူးမှုမခံရစေရေးအတွက် ကာကွယ်ရမည့်နည်းလမ်းများ၊ မိမိကိုယ်ကိုကာကွယ်ရမည့် အချက်များကို Online မှ တစ်ဆင့် အသိပညာပေးဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)