ကမာရွတ်မြို့နယ် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်း​ရေးနှင့်သန့်ရှင်​ရေးဌာန ဝန်ထမ်းမိသားစုများ (ထမနဲ)(နှမ်းမနဲ)ထိုးပွဲကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၁၆

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၌ ရန်ကုန်မြို့​တော် စည်ပင်သာယာ​​ရေး​ကော်မတီ၊ မြို့ပြနှင့်ပတ်ဝန်းကျင် ထိန်းသိမ်း​ရေးနှင့်သန့်ရှင်း​ရေးဌာန စု​ပေါင်း၍ (ထမနဲ) (နှမ်းမနဲ) ထိုးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၇)ရပ်ကွက်ရှိ စည်ပင်သာယာ ဝန်ထမ်များအိမ်ရာ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့သည်။

အဆိုပါ ထမနဲထိုးပွဲသို့၊ မြို့နယ်စည်ပင်သာယာ​ရေး အုပ်ချုပ်​ရေးမှူးနှင့် တာဝန်ရှိသူများမှ တက်ရောက်အား​ပေးကြပြီး ပျော်ရွှင်စွာဖြင့် အတူတကွ ထမနဲထိုးကြသည်။

မြို့နယ်စည်ပင်သာယာ အုပ်ချုပ်​ရေးမှူးက ပြောကြားရာတွင် ယခုကျင်းပသည့် ထမနဲထိုးပွဲသည် ဝန်ထမ်းများအား စု​ပေါင်း၍ လုပ်​ဆောင်ရ​သော အသင်းအဖွဲ့များ၏ စု​ပေါင်းကာ ညီညီညွတ်ညွတ်ဖြင့် ရရှိလာ​သော အကျိုးအမြတ်များကို ညီညီမျှမျှ ခွဲ​ဝေသုံးစွဲမှု့ကို ရရှိပြီး ဝန်ထမ်းချင်းချင်းစ ည်းလုံးညီညွတ်မှု့ကို ရောက်ရှိ​စေရန် ကျင်းပရခြင်းဖြစ်ကြောင်း​ပြောကြားခဲ့ပါသည်။

ဌာနတွင်းရှိ ဝန်ထမ်းများအားလုံးနှင့် မိသားစုများစုပေါင်း၍ တက်ညီလက်ညီ အတူတကွ ထမနဲထိုးကြသောကြောင့် ဝန်ထမ်းများနှင့် မိသာစုများအချင်းချင်း စည်းစည်းလုံးလုံး ပူပေါင်းဆောင်ရွက်ကြခြင်းဖြစ်ပြီး၊ ယခုထမနဲထိုးရာတွင် ထမနဲများကို ဝန်ထမ်းမိသားစုများ ကို​​ကျွေးမွေးလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါသည်။

စိမ်းလဲ့