Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဟိုပုံးမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး Mask Campaign ဆောင်ရွက်
Feb 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင် ကာကွယ်ရေးအတွက် Mask Campaign ကို ယနေ့နံနက် (၈)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမကြီးနှင့် လမ်းဆုံ နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၃)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့နှင့် စတုတ္ထအကြိမ် တပေါင်းပွဲတော် အကြိုအထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ
Feb 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဟိုနမ့်ဒေသ (၇၃) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့နှင့် စတုတ္ထအကြိမ် တပေါင်း ပွဲတော် ပြိုင်ပွဲကျင်းပရေးကော်မတီ တို့မှပူးပေါင်း၍ (၇၃) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့နှင့် စတုတ္ထအကြိမ်တပေါင်းပွဲတော်အကြို အထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲကို ဟိုနမ့် ကျေးရွာအုပ်စု နောင်ဘောင် ဘောလုံးဘက်စုံဖွံ့ဖြိုးရေး အားကစားကွင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ပြိုလက်ဝဲမြို့ရှိ နံသာတောင်ပညာဒါန ပရဟိတကျောင်း၏ (၉)ကြိမ်မြောက် စုံညီပွဲတော် နှင့် ဆုပေးပွဲကျင်းပ
Feb 21,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ နံသာတောင် ပညာဒါန ပရဟိတ ကျောင်း၏ (၉)ကြိမ်မြောက် စုံညီပွဲတော် နှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး
Feb 21,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာ ငွေများကို ယနေ့နံနက် (၉)နာရီအချိန်ကစတင်ပြီး ထုတ်ပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီခရိုင်အတွင်း၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူ (၆၅၉၁)ဦး ဝင်ရောက် ဖြေဆိုမည်
Feb 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်း၌ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းတွင်းဖြေဆိုရန် ကျောင်းသား/ ကျောင်းသူ(၄၉၂၄)ဦးနှင့် ပြင်ပဖြေဆိုရန်(၁၆၆၇)ဦး ရှိပြီး သာယာဝတီ မြို့နယ်တွင် အတွင်း/အပြင်ပေါင်း (၁၂၁၇)ဦး၊လက်ပံတန်းမြို့နယ်တွင် အတွင်း/အပြင်ပေါင်း (၉၂၉)ဦး၊မင်းလှမြို့နယ်တွင် အတွင်း/ အပြင်ပေါင်း (၈၁၆)ဦး၊ မိုးညိုမြို့နယ်တွင် အတွင်း/ အပြင်ပေါင်း (၆၈၂)ဦး၊ အုတ်ဖိုမြို့နယ်တွင် အတွင်း/ အပြင်ပေါင်း (၇၀၀)ဦး၊ ကြို့ပင်ကောက်မြို့နယ်တွင် အတွင်း/ အပြင်ပေါင်း (၇၈၆)ဦး၊ဇီးကုန်းမြို့နယ်တွင် အတွင်း/ အပြင်ပေါင်း (၈၀၆)ဦး၊ နတ်တလင်းမြို့နယ်တွင် အတွင်း/အပြင်ပေါင်း (၆၅၅)ဦး၊ စုစုပေါင်း အတွင်း/ အပြင်ပေါင်း (၆၅၉၁)ဦးသည် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာများ တင်သွင်းထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်
Feb 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ မြို့နယ်အတွင်းသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က နှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများ လှည့်လည်ဆောင်ရွက်
Feb 21,2022
ပွင့်လင်းရာသီသို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုများ၊ မီးလန့်မှုများ မဖြစ်ပွားစေရန်အတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့ မွန်းလွှဲ ၃ နာရီအချိန်က မြို့တွင်း ရပ်ကွက်များနှင့် အနီးအနားကျေးရွာများသို့ လှည့်လည်ဆော်ဩခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်အပါအဝင် ရောဂါပိုးများကို သတိပြုကာကွယ်ရေး အသိပညာပေးနှိုးဆော်
Feb 21,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်အပါအဝင် ရောဂါပိုးများကို သတိပြုကာကွယ်ရန် ယနေ့နံနက် ၇ နာရီတွင် ရပ်ကွက်နှင့် ကျေးရွာများသို့ အသံချဲ့စက်ဖြင့် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
18707
Page
18708
Page
18709
Page
18710
Current page
18711
Page
18712
Page
18713
Page
18714
Page
18715
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department