အမြို့မြို့အနယ်နယ်သတင်းများ

Feb 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကွမ်းသီးတပင်ကျေးရွာအုပ်စု ညောင်ကုန်း ကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ညောကုန်းကျေးရွာ  လျှပ်စစ် ထရန်စဖော်မာရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 20,2022
ဂွမြို့နယ်တွင် ဂွချောင်းတံတား ချဥ်းကပ်လမ်း (ဂွမြို့ဘက်ခြမ်း)တည်ဆောက်ရာတွင် ချဥ်းကပ်လမ်းနှင့် မလွတ်ကင်းသည့် မြေပိုင်ရှင်များအား လျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 20,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိ သူများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ တွင်း ပြည်သူ့အကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။
Feb 20,2022
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက် ပိုင်းက မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီးဖူးမျှော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူပူဇော်ကာ တစ်ပေပတ်လည် စကျင်ကျောက်ပြားများ ရင်ပြင်တော် အပြည့်ခင်းကျင်း ဆောင်ရွက်ပြီးစီးမှုတိုကို ကြည့်ရှုစစ်ဆေးပြီး စေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်တွင် ရေစီး၊ရေလာ ကောင်းမွန်ရေး၊ ရေနုတ်မြောင်များ ဖောက်လုပ်နေမှု၊ မိုးတွင်းကာလ ရေတင်ကျန်မှုမရှိစေရေး တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Feb 20,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု ဝမ်တွီကျေးရွာတွင် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်ကပင် တည်ထားကိုးကွယ်တော်မူခဲ့သော ထပ်ဒေါင်ဘွတ်စေတီတော် ရွှေထီးတော်သစ်တင်လှူပူဇော်ပွဲကို ယမန်နေ့က အဆိုပါစေတီတော် ရင်ပြင်၌ စည်ကားစွာ ကျင်းပခဲ့သည်။
Feb 20,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ဖေဖော်ဝါရီ(၂၀)ရက် နေ့လယ်ပိုင်းက အိမ်သုံးနှင့် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်နိုင်သည့် ဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်း ဖွင့်လှစ်ပေးခဲ့သည်။
Feb 20,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်​ရေး​ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦး၏ လမ်းညွှန်မှုအရ လက်ရှိဖြစ်ပွား​နေ​သော ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇ​ပြောင်း​ရောဂါပိုး အိုမီခရွန်​စောင့်ကြပ်ထိန်းချုပ်နိုင်​ရေးနှင့် ​ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ​ နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အချိန်တိုင်း ပါးစပ်နှင့် နှာ​ခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်​ကောင်းများ ဆက်လက်လိုက်နာကျင့်သုံး​စေ​ရေး ရည်ရွယ်၍ ယ​မန်​နေ့ ည​နေ (၄)နာရီအချိန်မှစ၍ ​တောင်ပိုင်းရပ်ကွက်ရှိ ပူး​ပေါင်းကျန်းမာ​ရေး စစ်​ဆေးသည့်ဂိတ်၌ ပူး​ပေါင်း အဖွဲ့ဖြင့် Mask Campaign ပြုလုပ်၍ (Mask) များကို (အခမဲ့)ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။
Feb 20,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့၊ အနောက်စုရပ်ကွက်၊ မြို့ဦးတွင် ကမ္ဘာ့သနာပြု မဟာဇေယျသိဒ္ဓိ အဓိဌာန် ဆရာတော် ဘဒ္ဒန္တကုလရက္ခိတ ဦးဆောင်ကြီးမှူး၍ ပြည်တွင်း၊ပြည်ပ အလှူရှင်များနှင့် ပူးပေါင်းကာ တည်ထားကိုးကွယ်မည့် ဉာဏ်တော် (၁၀၈)ပေအမြင့်ရှိ လောကဦးသျှောင် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် ပန္နက်တော်တင် အုတ်မြစ်ချမင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီကကျင်းပရာ အခမ်းအနားသို့ အဓိဌာန်ဆရာတော် ကြွရောက်ချီးမြှင့်ခဲ့သည်။