အမြို့မြို့အနယ်နယ်သတင်းများ

Feb 24,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး ခြောက်လပြည့်သူ များအနက် သတ်မှတ်ထားသည့် ဦးတည်အုပ်စုများအား အပိုဆောင်း ကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေးခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Feb 24,2022
မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကြာအင်းကျေးရွာသည် အိမ်ခြေနှင့် လူဦးရေများသော ကျေးရွာ ဖြစ်သော်လည်း ရွာအဝင်လမ်းတွင် နွေ၊ မိုးဆောင်းရာသီ သုံးပါလုံး ချောင်းရေအဆက်မပြတ် စီးဆင်းသော ချောင်းဖြစ်သည့်အတွက် ၂၀၂၁-၂၀၂၂ ခုနှစ်ဘဏ္ဍာရေးနှစ် (၆)လ(Mini Budget) ကြာအင်း-ထောက်ရှာတန်း (နေပြည်တော်-မြို့သစ်- ကံပြား) လမ်းပေါ်တွင် (Box)ပါသော ကွန်ကရစ် ရေကျော်တံတား(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီလ ၂၄ ရက် ထိ ၇၅ ရာခိုင်နှုန်းပြီးစီးလျက်ရှိသည်။
Feb 24,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်း က စစ်တွေမြို့၊ ပြည်နယ် တိုင်းရင်းဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာများကို သီးသန့်ကုသမှုပေးနိုင်ရန် စီစဉ် ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Feb 24,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ‌ယမန်နေ့ နံနက်ပိုင်းက ကျွဲခရံကျေးရွာအုပ်စု၊ သဇင်ကျေးရွာနှင့် ရေကန်တောင်ကျေးရွာအုပ်စု၊ သဇင်ကျေးရွာတို့၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Feb 24,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့် ပြုရန်ပုံငွေဖြင့် မြို့ပြသန့်ရှင်းသာယာလှပစေရန်နှင့် ရေကြီးရေလျှံမှုအန္တရာယ် ကင်းဝေးစေရေးအတွက် ပွင့်ဖြူမြို့၊ အလယ်ပိုင်း ရပ်ကွက်အနီးတွင် ရေဆိုးထုတ်အုတ်ရေမြောင်း အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Feb 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ အသက် (၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပြီး သူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster does) ထိုးနှံပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန် နမ့်ခမ်းမြို့ ကုတင်(၁၀၀)ဆန့် ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 24,2022
တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပလမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီခရွန်) ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask  များ စနစ်တကျ တပ်ဆင် သွားလာ ရေး Mask Campaign ပြုလုပ်ခြင်းကို ဖေဖော်ဝါရီလ ၂၄  ရက်နေ့ နံနက် ၇နာရီ ခွဲက ပလမြို့မဈေး နှင့် မြို့ပေါ်ရပ်ကွက်များအတွင်း   ပြုလုပ်ခဲ့ကြသည်။
Feb 24,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ် ဝမ်​အောင်း(ကယား) ကျေးရွာ ​ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့်ပညာ​ရေးအဖွဲ့တို့က ယ​နေ့နံနက် (၈) နာရီ အချိန်က ကွင်းဆင်းစစ်​ဆေးခဲ့​ကြောင်းသိရသည်။