မြို့သစ် ဖေဖော်ဝါရီ ၂၄
မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကြာအင်းကျေးရွာသည် အိမ်ခြေနှင့် လူဦးရေများသော ကျေးရွာ ဖြစ်သော်လည်း ရွာအဝင်လမ်းတွင် နွေ၊ မိုးဆောင်းရာသီ သုံးပါလုံး ချောင်းရေအဆက်မပြတ် စီးဆင်းသော ချောင်းဖြစ်သည့်အတွက် ၂၀၂၁-၂၀၂၂ ခုနှစ်ဘဏ္ဍာရေးနှစ် (၆)လ(Mini Budget) ကြာအင်း-ထောက်ရှာတန်း (နေပြည်တော်-မြို့သစ်- ကံပြား) လမ်းပေါ်တွင် (Box)ပါသော ကွန်ကရစ် ရေကျော်တံတား(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဖေဖော်ဝါရီလ ၂၄ ရက် ထိ ၇၅ ရာခိုင်နှုန်းပြီးစီးလျက်ရှိသည်။
အဆိုပါ ကွန်ကရစ်ရေကျော် တည်ဆောက်ခြင်းလုပ်ငန်း (၁၀၀`) (30.48m) ကို မြို့သစ်မြို့နယ် ကျေးလက်လမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိပြီး ကြာအင်းကျေးရွာရှိ မိဘ ပြည်သူများအနေဖြင့် မြို့သစ်-ကံပြား- မကွေးသို့ ကျန်းမာရေး၊ စီးပွားရေးနှင့် အခြားကိစ္စရပ်များဖြင့် သွားလိုပါက အချိန်နှင့် တစ်ပြေးညီ သွားရောက်နိုင်မည်ဖြစ်သည်။
အဆိုပါ ကွန်ကရစ်ရေကျော်လုပ်ငန်း (၁၀၀`) (30.48 m) တည်ဆောက်မှုကို ကျေးလက်လမ်း ဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အနီးကပ်ကြပ်မတ်ကာ ဆောင်ရွက်ခြင့်ဖြင့် ၇၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး အဆိုပါတံတားပြီးစီးပါက ကြာအင်းကျေးရွာ၊ ဇင်းဗျိုးကျေးရွာ၊ အိုးကုန်းကျေးရွာနှင့် ထောက်ရှာတန်းကျေးရွာများရှိ မိဘပြည်သူများအတွက် အဆိုပါ ချောင်းဖြတ်ကူးရသည့် အခက်အခဲများ လွတ်မြောက်ရသည့်အတွက် များစွာပိတိဖြစ်ရပါ ကြောင်း အဆိုပါ ကွန်ကရစ်တံတားကို အမြန်ပြီးစီးရေးအတွက် ကျေးလက်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်ဦးထံမှ သိရသည်။
ကိုဇော်(ပြန်/ဆက်)