အမြို့မြို့အနယ်နယ်သတင်းများ

Feb 26,2022
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမ်းဗြဲမြို့နယ် ဦးစီးမှူးရုံးမှ ပြည်သူများ “လူမှုဘဝပြည့်စုံဖို့၊ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ဆောင်ရွက်ခြင်းကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ရမ်းဗြဲမြို့၊ အမှတ်(၅)ရပ်ကွက်သို့ သွားရောက်ပြီး အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အခမဲ့ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
Feb 26,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ယနေ့ နံနက်ပိုင်း၌ Phase-5 အဖြစ် ၂၀၂၁ ခုနှစ် (ဒီဇင်ဘာလ (၁၃ရက်၊ ၁၄ရက်)များတွင် (Sinopharm-ပထမအကြိမ်) ထိုးထားပြီး ဒုတိယ အကြိမ်ထိုးရန်ကျန်သော ပြည်သူများ၊ (ဒီဇင်ဘာလ (၁၅ ရက်နေ့မှ ၁၇ ရက်နေ့များအထိ) (Sinovac - ပထမအကြိမ်) ထိုးထားပြီး ဒုတိယအကြိမ် ထိုးရန်ကျန်သော ပြည်သူများအား လည်းကောင်း၊ Phase – 6 အဖြစ် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်၊ (၁၈)ရက်များတွင် (Covishield - ပထမအကြိမ်) ထိုးထားပြီး ဒုတိယအကြိမ် ထိုးရန်ကျန်သော ပြည်သူများအား လည်းကောင်း၊ Phase – 7 အဖြစ် ဆေးထိုးရန် ကျန်ရှိနေသေးသည့် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/သူများတွင် (Sinovac- ပထမအကြိမ်) ကိုလည်းကောင်း ဆေးထိုးစုရပ် ၃ ခုလုံး ဖြစ်သည့် သာသနာ့ဗိမ္မာန်၊ ပိန္နဲကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ကျိန္တလီထွေ/အုပ်ခန်းမ တို့တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Feb 26,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ငလျင်ဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက မြစ်သားမြို့ (၆)လမ်း၊ မင်းကုန်းရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
Feb 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၈)နာရီမှ ညနေ (၃)နာရီအချိန်အထိ  ဇဝနရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
Feb 26,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်အတွင်းရှိ ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသူများ နှင့် ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီး (၆)လပြည့်၍ ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ဆင်ဖြူတော်ဘုရားကြီးဓမ္မာရုံအတွင်း ဆက်လက်ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။
Feb 26,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Hand Speaker ဖြင့် အသိပေးနှိုးဆော်ခြင်း၊ ကျန်းမာရေးဌာနမှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း နှင့် Mask Campaign ပြုလုပ်ခြင်းကို စည်ပင်သာယာမြို့မဈေး၌ ယနေ့နံနက် ၇ နာရီ အချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက် (၉)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 26,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယမန်​နေ့​ နံနက် ၉ နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်း လမ်းမ​ပေါ်ရှိ     အထက(၂) လသာကျောင်းဝင်းအတွင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။