ကျွန်းစု ဖေဖော်ဝါရီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက “ပန်းခင်း”စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက ကျွဲခရံကျေးရွာအုပ်စု၊ သဇင်ကျေးရွာနှင့် ရေကန်တောင်ကျေးရွာအုပ်စု၊ သဇင်ကျေးရွာတို့၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လဝက ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် နိုင် ၃(က) (၁၉၁)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင် ၆(က) (၇၃)ဦး၊ လဲလှယ်(၂၀)ဦး၊ မိတ္တူ(၄၂)ဦး၊ စုစုပေါင်း(၃၂၆)ဦး ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများ ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။
စည်သူရအောင်(ကျွန်းစု)