အမြို့မြို့အနယ်နယ်သတင်းများ

May 17,2026
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အ‌ရှေ့ပိုင်း)မြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အင်းစိန်ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့သည် ယမန်နေ့ (၁း၃၀)နာရီက ရွှေလင်ဘန်းစက်မှုဇုံ၊ စက်မှုဇုံစီမံခန့်ခွဲရေးကော်မတီရုံး၊ ကနောင်ခန်းမတွင် ပြုလုပ်သည်။
May 17,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြု့နယ် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက် မိုးအိုင်ကျေးရွာလမ်း ဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို မေ ၁၆ ရက် နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။
May 17,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ခွဲတမ်းရစားအုန်းဆီလက်လီ၊ လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များအား ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်‌အောင်၏ ကြီးကြပ်ဦး‌ဆောင်မှုဖြင့် ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီ၊ ခရိုင်အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ခရိုင်အစားအ‌သောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေးအဖွဲ့နှင့် ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ ပါဝင်‌သောပူးပေါင်းအဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
May 17,2026
(၂၀)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တွင်  ကျင်းပသည်။
May 17,2026
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်‌နေ့ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
May 17,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ The City Gift shop (3D ရုပ်ရှင်ရုံ)၌  တောင်ငူခရိုင် အိမ်ခြံမြေအကျိုးဆောင်နှင့် အဖိုးတန်သတ္တုရောင်းဝယ်သူများ ကြီးကြပ်ရေးအာဏာပိုင်အဖွဲ့နှင့် ပူးပေါင်း၍ အခွန်အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
May 17,2026
မြန်မာ့မီးရထားအနေဖြင့် မိဘပြည်သူများ ခရီးသွားအဆင်ပြေစေရေးနှင့် ကုန်စည်ပို့ဆောင်သူများ စိတ်ချမ်းမြေ့စေရေးအတွက် ရထားခရီးစဥ်များ တိုးချဲ့ပြေးဆွဲလျက်ရှိရာ မေ ၁၅ ရက်မှ စတင်၍ နေပြည်တော်- တောင်ငူ၊ တောင်ငူ- နေပြည်တော်နှင့် တောင်ငူ-ပဲခူး၊ ပဲခူး- တောင်ငူ RBE ရထားခရီးစဥ်နှစ်ခု နေ့စဉ်တိုးချဲ့ပြေးဆွဲလျက်ရှိသည်။
May 17,2026
ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် မေလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသမှုအစီအစဉ်ဖြင့် ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးခဲ့ရာ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ နေပြည်သူလေးရာသုံးဆယ်ကျော်တို့အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။