အမြို့မြို့အနယ်နယ်သတင်းများ

Jan 18,2022
ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ဇန်နဝါရီလ(၁၈)ရက်၊ နံနက်(၈)နာရီမှစတင်၍ မြို့နယ်ရာပြည့်သာသနာ့ဗိမာန်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 18,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စက်မှုလယ်ယာဦးစီး ဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုး ခြင်းကို ယနေ့ နံနက် ၈ နာရီက ကျွန်းကလေးကျေးရွာ တောင်သူဦးမြင့်ရွှေ စိုက်ကွင်း၌ ပြုလုပ်ခဲ့သည်။
Jan 18,2022
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊(ဃ)ရပ်ကွက်အတွင်း၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများလိုက်နာရန် စည်းကမ်းချက်များအား မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
Jan 18,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့တွင် မန်တုံမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲ သစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှုကို လျော့နည်းစေပြီး မိမိကစ၍ ကာကွယ်နိုင်စေရန် ပလောင်၊ မြန်မာဘာသာများဖြင့် ယနေ့ နံနက်ပိုင်းအချိန်က ကျန်းမာရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Jan 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြု(Community Centre) ခန်းမတွင် ဇန်နဝါရီလ ၁၈ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ဇာတိသွေး နှင့်ရွှေဘိုအတွေးစာဖတ်ဝိုင်း (Books Club) အဖွဲ့က ရွှေဘိုသွေးမဂ္ဂဇင်းအမှတ် ၂ တွင် ရေးသားထားသောစာရေးဆရာရွှေလှ (ပညရေး)မြန်အောင် ၏နှင်းဆီပွင့်နှင့် ခွင့်လွှတ် တယ်မောင် ခေါင်းစဉ်ဖြင့်ရသစာဖတ်ဝိုင်းကိုကျင်းပခဲ့သည်။
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 18,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community center ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ ဦးဆောင်၍ စာဖတ်ပရိတ်သတ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်ရန်နှင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
Jan 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ခရိုင်ဦးစီးမှူးမှ ခရိုင်အတွင်းမြို့နယ် (၄)မြို့နယ်၊ မြို့နယ်ဦးစီးမှူးများနှင့် တွေ့ဆုံ၍ ပန်ခင်းစီမံချက်ဖြင့်ပြည်သူလူထုလက်ဝယ်သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်များမှန်ကန်လွယ်ကူလျင်မြန်စွာ ကွင်းဆင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်းကိုယနေ့နံနက်(၁၁)နာရီခွဲအချိန်ကဖျာပုံခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။