လက်ပံတန်း ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စက်မှုလယ်ယာဦးစီး ဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုး ခြင်းကို ယနေ့ နံနက် ၈ နာရီက ကျွန်းကလေးကျေးရွာ တောင်သူဦးမြင့်ရွှေ စိုက်ကွင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှုနှင့် ပတ်သက်၍ ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးဉာဏ်မြင့်က ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးစိုက်ဧကများတွင် စိုက်နည်းစနစ် မှန်ကန်စေရန်အတွက် ကောက်စိုက်စက်ဖြင့် တောင်သူ ဦးမြင့်ရွေ စိုက်ကွင်း၌ GW-11 စပါးမျိုးအား စိုက်ပျိုးပြသခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ပြီး စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက ကောက်စိုက်စက်ဖြင့် ပျိုးဗန်းများ ပျိုးထောင်ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ကောက်စိုက် စက်ဖြင့် စိုက်ပျိုးမှုကြောင့်၊ တောင်သူများအနေဖြင့် အလုပ်သမားရှားပါးမှုကို ဖြေရှင်း နိုင်ခြင်း၊ စိုက်ပျိုးခသက်သာခြင်း၊ မျိုးစေ့ကုန်သက်သာခြင်း၊ အချိန်တိုအတွင်းမှာ လုပ်ငန်းပြီးစီးခြင်း၊ ပေါင်းလိုက်၊ သမန်းနိုး၊ ဆေးဖြန်းလွယ်ကူခြင်းနှင့် တစ်နေ့ကို (၅)ဧက စိုက်ပျိုးနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လက်ပံတန်းမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုး ဆောင်ရွက်မှုအား လက်တွေ့ပြသခြင်းကို သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ အဖွဲ့ဝင် ဗိုလ်မှူး ကျော်မင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများမှာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝင့်နန္ဒာဌေး