ပြည်ကြီးတံခွန် ဇန်နဝါရီ ၁၈
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊(ဃ)ရပ်ကွက်အတွင်း၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်နိုင်ရန်နှင့် ပြည်သူများလိုက်နာရန် စည်းကမ်းချက်များအား မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ဗီဇပြောင်းမျိုးကွဲသစ်ဖြစ်သည့် အိုမီခရွန် (Omicron)ကြိုတင်ကာကွယ်ရေးဆိုင်ရာ အချက်အလက်များ၊ အိုမီခရွန်၏ ထူးခြားချက်များဖြစ်သည့် ရောဂါကူးစက်မြန်ခြင်း၊ ကိုဗစ်ရောဂါကူးစက်ခံရသူများကို ပြန်လည် ကူးစက်နိုင်ခြင်း၊ ကလေးငယ်များနှင့် အသက်(၃၀)အောက် လူငယ်များကို ပိုမိုကူးစက်နိုင်ခြင်းတို့ကြောင့် ပြည်သူများအနေဖြင့် ခပ်ခွာခွာနေထိုင်ကြရန်၊ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ကြရန်၊ လက်ကိုစနစ်တကျဆေးကြောကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအား လိုက်နာနေထိုင်ကြရန် (Hand Speaker )ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မန္တလေး(ခရိုင်/ပြန်ဆက်)