ပျော်ဘွယ်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံလျက်ရှိ

ပျော်ဘွယ် ဇန်နဝါရီ ၁၈

ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံခြင်းကို ဇန်နဝါရီလ(၁၈)ရက်၊ နံနက်()နာရီမှစတင်၍ မြို့နယ်ရာပြည့်သာသနာ့ဗိမာန်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများအား ကာကွယ်ဆေးထိုးနှံရာ၌စုရပ်()နေရာဖြစ်သည့် ရှမ်းပွဲရပ်ကွက်  ရာပြည့်သာသနာ့ဗိမာန်၊ ရန်အောင်(အထက) ယင်းတော်(အထက) အရှေ့လျှော်ဖြူ ကုန်း(အထက) တောင်ညောင်ကုန်း(အထက)တို့တွင် သတ်မှတ်ရက်များအလိုက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာအချို့မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက စာရင်းကောက်ယူခြင်းနှင့် လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိသည်။

ပျော်ဘွယ်မြို့နယ်အတွင်း ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်စလုံးထိုး နှံပြီးသူပေါင်း (၉၅၁၆၃)ဦး၊ ပထမအကြိမ်ထိုးနှံပြီးသူပေါင်း(၁၁၁၈၃၈)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကို ဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)