စာရေးဆရာရွှေလှ(ပညာရေး)​​မြန်အောင်၏ နှင်းဆီပွင့်နှင့်ခွင့်လွှတ်တယ်မောင် ခေါင်းစဉ်ဖြင့် ရသစာဖတ်ဝိုင်း ပြုလုပ်

ရွှေဘို ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြု(Community Centre) ခန်းမတွင် ဇန်နဝါရီလ ရက်နေ့၊ နံနက် နာရီအချိန်က ဇာတိသွေး နှင့်ရွှေဘိုအတွေးစာဖတ်ဝိုင်း (Books Club) အဖွဲ့က ရွှေဘိုသွေးမဂ္ဂဇင်းမှတ် င် ရေးသားထားသောစာရေးဆရာရွှေလှ (ပညရေး)မြန်အောင် ၏နှင်းဆီပွင့်နှင့် ခွင့်လွှတ် တယ်မောင် ခေါင်းစဉ်ဖြင့်ရသစာဖတ်ဝိုင်းကိုကျင်းပခဲ့သည်။

ရှေဦးစွာရွှေဘိုခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ လက်​ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာအုပ် စာ‌စောင်ချစ်မြတ်နိုးသူများအသင်း၊ ရွှေဘိုမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးအောင်ဘုန်းညိုက နှင်းဆီပွင့် နှင့်ခွင့်လွှတ်တယ်မောင် ခေါင်းစဥ်ဖြင့်ရသစာ ပေကိုဦးဆောင်ဆွေးနွေးပေးခဲ့သည်။ တက်ရောက် လာသော စာရေး ဆရာများ၊ စာပေဝါသနာရှင်များက ခွင့်လွှတ်ခြင်း အဓိပ္ပာယ်ကြီးမြတ်ကြောင်း ကိုဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။ နိုင်ငံကျော်စာရေးဆရာကြီးမင်းသုဝဏ်နှင့်​ငွေတာရီတို့၏ နှင်းဆီပွင့်၊ ခွင့်လွှတ်တယ်မောင် ကဗျာများမှကောက်နုတ် ရေးသားထားသောရသစာပေဖြစ်ကြောင်း ကဗျာများပါခွင့် လွှတ်မှုကို လူတိုင်း လိုက်နာ စေချင်ကြောင်း စာရေး ဆရာအောင်ဘုန်းညိုကပြန်လည်ဆွေးနွေးခဲ့ ကြောင်းသိရသည်။

ဆက်လက်ပြီးတက်ရောက်လာသော စာရေးဆရာများ၊ စာပေဝါသနာရှင်များကမိမိတို့စိတ်ကြိုက်ကဗျာတစ်ပုဒ်စီ ရွတ်ဆိုကြပြီး နောက်တစ်ပတ် ဆွေးနွေးမည့်ခေါင်းစဥ်နှင့်နေ့ရက်ကို ရွေးချယ်သတ်မှတ်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(ရွှေဘို)