ဘုရားသုံးဆူမြို့ရုံး (Community center) ခန်းမ၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့များဖြင့် စာဖတ်ဝိုင်းပြုလုပ်

ဘုရားသုံးဆူ ဇန်နဝါရီ ၁၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community center ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ ဦးဆောင်၍ စာဖတ်ပရိတ်သတ်အချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်ရန်နှင့် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းကို ဘုရားသုံးဆူမြို့ရုံး Community center ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ အချိန်၌ စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက စာရေးဆရာ မင်းသန်းထိုက် (ဒေးဒရဲ)၏ "စိတ်ပြင်ခြင်း အနုပညာ" စာအုပ်အား အဖွဲ့ဝင်များက  စာအုပ်ပါခေါင်းစဉ် အကြောင်းအရာများအား တစ်ဦးချင်းစီအလိုက် ဆွေး‌‌‌နွေးကြပြီး မိမိတို့၏ ထင်မြင်ယူဆချက်များ၊ သုံးသပ်ချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စောရဲဝင်းထွဋ်(ပြန်/ဆက်)