ဖျာပုံခရိုင်အတွင်း ပန်ခင်းစီမံချက်ဖြင့် ပြည်သူလူထုလက်ဝယ်သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ မှန်ကန်လွယ်ကူလျင်မြန်စွာ ကွင်းဆင်း ဆောင်ရွက်နိုင်ရေး​လုပ်ငန်းညှိနှိုင်းဆွေးနွေး

ဖျာပုံဇန်နဝါရီ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊
ခရိုင်ဦးစီးမှူးမှ ခရိုင်အတွင်းမြို့နယ် (၄)မြို့နယ်၊ မြို့နယ်ဦးစီးမှူးများနှင့် တွေ့ဆုံ၍ ပန်ခင်းစီမံချက်ဖြင့်ပြည်သူလူထုလက်ဝယ်သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်များမှန်ကန်လွယ်ကူလျင်မြန်စွာ ကွင်းဆင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်းကိုနေ့နံနက်(၁၁)နာရီခွဲအချိန်ကဖျာပုံခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ဖျာပုံခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်နိုင်အေးမှ ပန်ခင်းစီမံချကဖြင့်ပြည်သူလူထု  လက်ဝယ်သို့နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ (၁၀၀%)ပြီးစီးရေး မှန်ကန်လွယ်ကူလျင်မြန်စွာ ကွင်းဆင်းဆောင်ရွက်  နိုင်ရေးနှင့် ပတ်သက်၍ ပြောကြားရာ၊ တက်ရောက်လာကြသော (ဖျာပုံ၊ကျိုက်လတ်၊ ဒေးဒရဲ၊ဘိုကလေး) မြို့နယ် များမှ လဝကဦးစီးမှူးများက တစ်မြို့နယ်ခြင်းအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ၊ လိုအပ်ချက်များအားအသေးစိတ် တင်ပြရှင်းလင်းဆွေးနွေးကြပြီး၊ ခရိုင်အတွင်းရှိ မြို့နယ်အလိုက် မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများသည်ပိတ်ရက် မရှိရပ်ကွက်/ကျေးရွာ အရောက် ပန်ခင်းစီမံချက ဖြင့်ပြည်သူ လူထုလက်ဝယ်သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်