အမြို့မြို့အနယ်နယ်သတင်းများ

Jan 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အမျိုးအစားကို ကွန်ကောက် ကျေးရွာနှင့် မန်ပင့်ကျေးရွာရှိ ပြည်သူများအား ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဒုတိယ အကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 20,2022
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နေ့လယ်ပိုင်း က ပြုလုပ်ခဲ့သည်။
Jan 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊‌ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ကိုဗသ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံ ခြင်းကို ဆောင်ရွက်ပေးလျက်စရှိရာ အသက်(၁၂)နှစ်အထက် ကာကွယ်ဆေးထိုးနှံပြီးသော ကျောင်းသား တစ်ဦး၏ ရင်တွင်းစကားသံ ကိုလည်း တင်ပြပေးလိုက်ပါတယ်။
Jan 20,2022
မွန်ပြည်နယ် မုဒုံမြိုနယ်အတွင်းရှိ ကာရာအိုကေနှင့် စားသောက်ဆိုင်များတွင် ဒေသန္တရ စည်းမျဉ်း စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ထားခြင်း ရှိ/မရှိ အခြေအနေများကို ယမန် နေ့ညက မြို့နယ်ကာရာအိုကေနှင့် စားသောက်ဆိုင်များ ကြီးကြပ်ရေး ကော်မတီအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 20,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦး‌ဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကိုဗစ်-၁၉ကုသရေး အဆောင်ဆောက်လုပ်မည့် မြေနေရာအား မြေသန့်မင်္ဂလာပရိတ်တရားတော်ရွတ်ဖတ် ပူဇော်ပွဲနှင့် ပန္နက်တင်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲက ကျင်းပခဲ့သည်။
Jan 20,2022
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော စားသုံးရန်မသင့်သော အစားအသာက် အမှတ်တံဆိပ်များအား ဈေးကွက်တွင် လက်ကျန် မရှိစေရေး စစ်ဆေးခြင်းကို ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၉နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sputnik Vaccine (ရှရှား) ထိုးနှံခြင်းကို မှော်ဘီမြို့နယ်ရှိ မြို့နယ် အားကစားကွင်းခန်းမ၌ ယနေ့နံနက် ၈နာရီမှစတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းတာဝန်ရှိသူတို့က စတင် ထိုးနှံပေးခဲ့ကြောင်းသိရသည်။