ပေါက်တောမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းအတွင်း စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်

ပေါက်တော      ဇန်နဝါရီ    ၂၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နေ့လယ်ပိုင်း က ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရခြင်းမှာ ကျောင်းသား/ကျောင်းသူများအနေဖြင့် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန်၊ ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အတွေးအခေါ်စွမ်းရည် မြင့်မားလာစေရန်၊ စုပေါင်းယှဉ်ပြိုင်တတ်သော စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါသည်။

အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပေါက်တောမြို့ပေါ် ကျောင်းများမှ ကျောင်းသား/ ကျောင်းသူ (၁၅)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲဝင်သည့် ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန် က အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။