မင်းလှမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကိုဗစ်-၁၉ကုသရေးအဆောင် ဆောက်လုပ်မည့် မြေနေရာအား မြေသန့်မင်္ဂလာနှင့်ပန္နက်တင်ပွဲကျင်းပ

အထက်မင်းလှ ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊   သရက်ခရိုင်၊   မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန  ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကိုဗစ်-၁၉ကုသရေး အဆောင်ဆောက်လုပ်မည့် မြေနေရာအား မြေသန့်မင်္ဂလာပရိတ်တရားတော်ရွတ်ဖတ် ပူဇော်ပွဲနှင့် ပန္နက်တင်ခြင်းကို ယနေ့နံနက် နာရီခွဲက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကြွရောက်လာသော ဆရာတော်သံဃာတော် အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် ကြွရောက်လာသော ဆရာတော်သံဃာတော် အရှင်သူမြတ်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ကုသရေး အဆောင် ဆောက်လုပ်ရန်အတွက် ပန္နက်တင်ခြင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ကုသရေးအဆောင် ဆောက်လုပ်ရန် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မတည်ငွေကျပ် သိန်း(၅၀)နှင့်စေတနာရှင်ပြည်သူများ စုပါင်းလှူဒါန်းမှုဖြင့် ဆောက်လုပ်ခြင်း ဖြစ်ပြီး အဆောက်အဦမှာ အလျား၇၀ပေ၊ အနံ၂၆ပေ၊ အမြင့်၁၀ပေ Steel  Structure  တစ်ထပ်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)