မုဒုံမြို့နယ်ရှိ ကာရာအိုကေ၊ စားသောက်ဆိုင်များ ဒေသန္တရစည်းကမ်းချက်နှင့် အညီ ဖွင့်လှစ်ခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မုဒုံ   ဇန်နဝါရီ   ၂၀

မွန်ပြည်နယ် မုဒုံမြိုနယ်အတွင်းရှိ ကာရာအိုကေနှင့် စားသောက်ဆိုင်များတွင် ဒေသန္တရ စည်းမျဉ်း စည်းကမ်းချက်နှင့်အညီ ဖွင့်လှစ်ထားခြင်း ရှိ/မရှိ အခြေအနေများကို ယမန် နေ့ညက မြို့နယ်ကာရာအိုကေနှင့် စားသောက်ဆိုင်များ ကြီးကြပ်ရေး ကော်မတီအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာ၌ ကာရာအိုကေနှင့် စားသောက်ဆိုင်များတွင် ဆိုင်ဖွင့်ချိန်၊ ပိတ်ချိန်များအား ဒေသန္တရစည်းမျဉ်းများနှင့်အညီ ဖွင့်လှစ်မှု ရှိ/မရှိ၊ ၀န်ထမ်းများနှင့် စားပွဲထိုးများ ဧည့်စာရင်းတိုင်ကြားထားမှု ရှိ/မရှိ၊ ၀န်ထမ်းများနှင့် စားပွဲထိုးများအား ကိုဗစ်ကာကွယ် ဆေးထိုးနှံထားမှု ရှိ/မရှိ၊သတ်မှတ်လိုင်စင်များ ရှိ/မရှိ၊ မီးငြှိမ်းသတ် စနစ်ပါ၀င်ခြင်း ရှိ/မရှိနှင့် မီးသတ်ဆေးဗူးများ ထားရှိခြင်း ရှိ/မရှိ၊ လျှပ်စစ်မီးများ သွယ်တန်းထားမှုရှိ/မရှိ၊ မူးယစ်ဆေးဝါးနှင့်တားမြစ် ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ၊ သန့်ရှင်းရေးနှင့် အမှိုက်စွန့်ပစ်စနစ်ကောင်းမွန်မှု ရှိ/မရှိစသည့် အချက်များကို စစ်ဆေး ခဲ့ကြကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)