မိုင်းငေါ့ ဇန်နဝါရီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ကိုဗသ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံ ခြင်းကို ဆောင်ရွက်ပေးလျက်စရှိရာ အသက်(၁၂)နှစ်အထက် ကာကွယ်ဆေးထိုးနှံပြီးသော ကျောင်းသား တစ်ဦး၏ ရင်တွင်းစကားသံ ကိုလည်း တင်ပြပေးလိုက်ပါတယ်။
ကျွန်တော့်နာမည်က မောင်အောင်မျိုးခန့် ဖြစ်ပါတယ်၊ မိုင်းငေါ့မြို့ တာလုံအထက်ရပ်ကွက်မှာ မိသားစုဝင်(၃)ဦးနှင့်အတူ နေထိုင်ပါတယ်၊ ကျွန်တော်တို့မိသားစု အားလုံး ကာကွယ်ဆေး ထိုးနှံပြီးပါပြီ ကျွန်တော်လည်း ကာကွယ်ဆေး နှစ်ကြိမ်လုံး ထိုးနှံပြီးပါပြီ၊ ကာကွယ်ဆေးထိုးပြီး ဖျားနာညောင်းကိုက် တာဘာမှမဖြစ်ပါဘူး၊ ကိုဗစ်ရောဂါ စဖြစ်တော့ စာသင်ကျောင်းတွေ အားလုံးပိတ်ထားရတယ်၊ ခုကျောင်းတွေပြန်ဖွင့်ပြီးဆိုတော့ အရမ်းပျော်ပါတယ်၊ စာလည်း သင်ရတယ်၊ သူငယ်ချင်းတွေနဲ့ လည်းတွေ့ရတယ်၊ ဆရာ၊ ဆရာမတွေ သင်ကြားပြသပေးတဲ့ သင်ခန်းစာတွေကိုလည်း ကျွန်တော်တို့ ကျောင်းသား၊ ကျောင်းသူတွေ အကောင်းဆုံး ကြိုးစား လေ့လာ သင်ယူ သွားပါမယ်၊ ကျောင်းသား/သူတွေကို ယခုလို ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိအောင် ကျန်းမာရေးဌာနမှ ဆရာမများက ကာကွယ်ဆေးလာရောက် ထိုးနှံပေးပါတယ်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေကြသော တာဝန်ရှိလူကြီးမင်းများ အားလုံး နှင့် ကျန်းမာရေးဝန်ထမ်းများ အားလုံးလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
မြင့်သွယ်(ပြန်/ဆက်)