အမြို့မြို့အနယ်နယ်သတင်းများ

Jan 22,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁) ရပ်ကွက်၊ ရွှေချောင်းတံတားအနီးတွင် ချောင်းရေကြီးပြီး ကမ်းပါးတိုက်စား ပြိုကျမှုဒဏ်များမှ ကာကွယ်နိုင်ရေးအတွက် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ပေးလျက် ရှိကြောင်းသိရသည်။
Jan 22,2022
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ Mini Budget ဖြင့် ဆောင်ရွက်လျက်ရှိသော မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ စွယ်တော်လမ်း၊ အရှည် - ၂၅၀၀ ပေအား၊ အကျယ် - ၁၈ ပေအား နိုင်လွန်ကတ္တရာ ၃ လက်မခွဲထု ခင်းကျင်းနေမှုအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရှင်းလင်းတင်ပြသည်။
Jan 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အာဇာနည်လမ်း၊ အစိုးရအဖွဲ့ရုံးအနီးရှိ (ယခင်)မြန်မာ့စီးပွားရေး ဘဏ် (ထားဝယ်ခရိုင်ဘဏ်ခွဲ)နေရာတွင် အဆောက်အဦ သစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
Jan 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သံဘိုကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယအကြိမ် ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီ​အချိန်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
Jan 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖြူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူရေးရာ ကာကွယ်ပေးရေး အသိပညာပေး ဆွေးနွေးခြင်း Talk Show ကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 
Jan 22,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်း ဆိုင်များအား မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဟိန်းလင်းထိုက်မှ ဦးဆောင် ၍ မီးသတ်တပ်ဖွဲ့ဝင်များတို့က ယနေ့ နံနက် ၉ နာရီက  စက်သုံးဆီ အရောင်းဆိုင်များအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 
Jan 22,2022
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့် အညီ ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေ စာရင်းများရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ဦးစီးမှူးရုံးမှ (လဝက)မှူး ဦးတင့်နိုင်နှင့် ဝန်ထမ်းများက ဇန်နဝါရီလ ၂၁ ရက်နေ့က တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု အတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jan 22,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ မြို့နယ်အတွက် ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများနှင့် ပထမအကြိမ် ထိုးနှံပြီးသူများအား ယခုနှစ် ဇန်နဝါရီလအတွင်း ဆက်လက် ထိုးနှံပေးလျက်ရှိသည်။