ထားဝယ် ဇန်နဝါရီ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အာဇာနည်လမ်း၊ အစိုးရအဖွဲ့ရုံးအနီးရှိ (ယခင်)မြန်မာ့စီးပွားရေး ဘဏ် (ထားဝယ်ခရိုင်ဘဏ်ခွဲ)နေရာတွင် အဆောက်အဦ သစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းနှင့် မြန်မာ့စီးပွားရေးဘဏ် တိုင်းဒေသကြီးမန်နေဂျာ ဒေါ်ရီရီခိုင်တို့က မြန်မာ့စီးပွားရေးဘဏ် (ထားဝယ်ဘဏ်ခွဲ)အဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများက အဆောက်အဦသစ် ဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပက်ဖျန်းပေးပြီး အဆောက် အဦအားလှည့်လည် ကြည့်ရှုအားပေးသည်။
အဆိုပါ ထားဝယ်ခရိုင်ဘဏ်ခွဲ အဆောက်အဦသစ်သည် (၃၅ ပေ × ၇၀ ပေ) RC (၂)ထပ်ဖြစ်ပြီး ကုန်ကျငွေ(၁၆၅၇၄၄၀၀၀) ကျပ်ဖြစ်၍ PTC ကုမ္ပဏီက ဆောက်လုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)