အုတ်တွင်းမြို့နယ် သံဘို​ကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေများ တတိယအကြိမ ထုတ်ချေးပေး

အုတ်တွင်း ဇန်နဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သံဘိုကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ တတိယအကြိမ် ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီ​အချိန်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြစိမ်းရောင် စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်းက ရှင်းလင်း​ပြောကြားခဲ့ပြီး မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၁၁၀)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ(၁၂၉)ဦး၊ စုစုပေါင်း အသင်းသား(၂၃၉)ဦးအား ချေးငွေကျပ် ၃၃ ဒဿမ ၇၄ သန်းကို တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ အသီးသီးပေးအပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)