အမြို့မြို့အနယ်နယ်သတင်းများ

May 05,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အား ကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အားကစားဆိုင်ရာသင် တန်းများဖွင့်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 05,2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁၂နာရီခွဲ အချိန်ခန့်က ညောင်တုန်းမြို့ အမှတ်(၄) ရပ်ကွက်၊ လမ်းမတော်လမ်းရှိ ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ယခင်ဆောက်လုပ် ထားသည့် ဆောက်လက်စ (၃)ထပ်ဆောင်ဆေးရုံ အဆောက်အဦအား ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဆောက်လုပ်ရန်အတွက် ဘဏ္ဍာငွေရရှိရေး လမ်းညွှန်မှာကြား၍ ယခင်ပန်းလှိုင် မြစ်ရေ တိုက်စားမှုကြောင့် ညောင်တုန်မြို့၊ (၁၆)လမ်းကမ်းနား ကမ်းပတ်တာ မြေသား နိမ့်ကျသည့် နေရာသို့ ရောက်ရှိကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ပြီး အမှတ်(၇) ရပ်ကွက်၊ ရွှေဟင်္သာတောရကျောင်းလမ်း၊ မြို့နယ်သစ်တောဦးစီးဌာနရှိ မြို့မပျိုးဥယျာဉ်၌ နှစ်ရှည်ပင်များ ပျိုးထောင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
May 05,2022
ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် (Book Club) စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ မိုးပန်းမွန် (ရာမည)ရေးသားထားသည့် “ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 05,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာပေချစ်မြတ်နိုးသူ၊ စာပေ ဝါသနာရှင်များဖြင့် စာပေချစ်မြတ်နိုးသူများအဖွဲ့ “BookClub” ဖွဲ့စည်းခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်သည်။
May 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ဝက်လဟာအုပ်စု၊ ကညင်တပင်‌ကျေးရွာတွင် မေလ၃ရက်နေ့ ညနေပိုင်းက ငဝန်မြစ်ကမ်းပါးနှင့်နီးသောလူနေအိမ်(၁၄)လုံးအား မြစ်ကမ်းနှင့် လွတ်ရာသို့ ကြိုတင်ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။
May 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်  မှိုင်းပန်ကျေးရွာတွင် နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်သဖြင့် နေကြာစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း နေကြာစိုက်ပျိုးသည့် တောင်သူများထံမှ သိရှိရသည်။