ပဲခူး မေ ၅
ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် (Book Club) စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ မိုးပန်းမွန် (ရာမည)ရေးသားထားသည့် “ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးခရိုင်၊ ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက ပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ မျှဝေ နိုင်ရန်နှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေးဆရာ မိုးပန်းမွန် (ရာမည)ရေးသားထားသော“ ရွှေရောင် လူငယ်နှင့် ရွှေရောင်အနာဂတ်”စာအုပ်ပါ အသိပညာပေး ဆောင်းပါးများကို (Book Club) စာအုပ်စာစောင်ချစ် မြတ်နိုးသူများအသင်းဝင် ဦးသက်ဖြိုးကြိုင်က “ ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်”၊ ဒေါ်ကြူကြူမြင့်က “ တန်ဖိုးရှိသောလူ” ၊ဒေါ်ဖြူဖြူရှိန်က “ လူငယ်နှင့်အချိန်၏ တန်ဖိုး”၊ ဒေါ်ဇာဇာလွင်က “နုတ်ဆိုစကား နားချိုစေ”၊ ဦးဟိန်းသူနိုင်က “ဒီမိုကရေစီစတိုင်နှင့် ယဉ်ကျေးမှုမဏ္ဍိုင်” စသည့်အသိပညာပေး ဆောင်းပါး အကြောင်း အရာများနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိများကို အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပဲခူးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ များကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့် လည်းကောင်း လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်