အမြို့မြို့အနယ်နယ်သတင်းများ

May 05,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အ.ထ.က‌ ပေါက်ခေါင်း ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
May 05,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ ၁ နာရီခွဲ အချိန်ခန့်က ညောင်တုန်းမြို့မှ ပန်းတနော်မြို့နယ်သို့ရောက်ရှိပြီး ဘဝိုင်းအုပ်စု စာဖြူစု ကျေးရွာ ရန်ကုန်-ပုသိမ် ကားလမ်းဘေးရှိ တောင်သူ ဒေါ်ရင်ရင်ဌေးနှင့် တောင်သူနှစ်ဦး ပိုင်ဆိုင်သည့် လယ်ယာမြေဧက ၁၀ ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စု​ပေါင်း ကြဲပက်​၍ မျိုးစေ့များအား​ တောင်သူများထံ​ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
May 05,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂ ခုနှစ်၊ မေလ(၅)ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်(၈)နာရီအချိန်က ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာန ရုံးတွင် ပြုလုပ်ခဲ့သည်။
May 05,2022
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကိုယနေ့နံနက် ၇ နာရီက တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပရာ ရှေးဦးစွာ သန္ဓေနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်များ အားအလေးပြုကာ မီးသတ်တပ်ဖွဲ့သစ္စာအဓိဌာန် (၄) ချက် ရွတ် ဆိုခဲ့ကြသည်။
May 05,2022
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ ၁ နာရီခွဲ အချိန်ခန့်က ညောင်တုန်းမြို့မှ ပန်းတနော်မြို့နယ်သို့ရောက်ရှိပြီး ဘဝိုင်းအုပ်စု စာဖြူစု ကျေးရွာ ရန်ကုန်-ပုသိမ် ကားလမ်းဘေးရှိ တောင်သူ ဒေါ်ရင်ရင်ဌေးနှင့် တောင်သူနှစ်ဦး ပိုင်ဆိုင်သည့် လယ်ယာမြေဧက ၁၀ ဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စု​ပေါင်း ကြဲပက်​၍ မျိုးစေ့များအား​ တောင်သူများထံ​ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
May 05,2022
စစ်ကိုင်းတိုင်းဒသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့၌ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့က ပန်ဆောင်မြို့ ဒေသန္တရဆေးပေးခန်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
May 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူလူထုများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထပ်ဆောင်း(Booster Dose) ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီမှ မိုင်းရှူး မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။
May 05,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးလက်နေ ပြည်သူများသည် လယ်ယာ လုပ်ငန်းဖြင့်တွဲဖက်၍ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ ဆိတ်များ စျေးကောင်းပေးဝယ်နေ၍ ဆိတ်မွေးမြူသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။