ကျောက်ဆည်မြို့၌  မြို့ဖွံ့ဖြိုးတိုးတက်စေရေး စည်ပင်သာယာရေးအဖွဲ့မှ  မြို့တွင်းလမ်း (၃) လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် တံတား (၁) စင်း ဆောင်ရွက်ပေးသွားမည်ဖြစ်

ကျောက်ဆည် မေ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖွံ့ဖြိုးတိုးတက်စေရေး စည်ပင် သာယာရေးအဖွဲ့မှ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မြို့တွင်းလမ်း (၃) လမ်းကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် တံတား (၁) စင်း တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လုပ်ငန်းများမှာ အရှည် (၇၀၀) ပေ၊ အကျယ် (၁၈) ပေ၊ ထု (၉) လက်မရှိ  ကြက်မင်းတွန်မြို့ပတ် လမ်းပိုင်း၊ အရှည် (၁၂၃၅) ပေ၊ အနံ(၁၈)ပေ၊ ထု(၉)လက်မရှိ ဖောင်ရွာ၊ တောင်နံ့သာ၊ ငှက္ကတောင် လမ်းပိုင်း၊ အရှည် (၁၃၈၀) ပေ၊ အကျယ် (၁၂) ပေ၊ ထု (၉) လက်မရှိ မင်းမွေးတောင်လမ်းပိုင်းနှင့် အဆိုပါ လမ်းပေါ်တွင် အမြင့် (၅) ပေ၊ အလျား (၂၀) ပေ၊ အနံ(၄)ပေ Box Culvert တံတား (၁) စင်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါလမ်းများ ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် Box Culvert တံတား တည်ဆောက်ပြီးစီးသွားပါက လမ်းအသုံးပြုနေသည့် ပြည်သူများနှင့် ဒေသခံရပ်ကွက်နေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် ကဏ္ဍစုံဖွံ့ဖြိုးလာပြီး လူမှုစီးပွားဘဝများ တိုးတက်လာတော့မည် ဖြစ်ကြောင်း သိရှိရသည်။

သက်မောင် (ကျောက်ဆည်)