Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရိခေါ်ဒါရ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ တိုးမြှင့်လာပြီး သေဆုံးသူ တစ်ဦးရှိလာ
Jun 26,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်တားဆီးရေးကော်မတီနှင့်အတူ ကျန်းမာရေးဌာန၊ ရပ်ကွက်လူငယ် Volunteer များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအခြေအနေအား RDT Test Kit ဖြင့် နေ့စဉ် စစ်ဆေး ဆောင်ရွက် လျက်ရှိရာ ဇွန်လ ၁၅ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၁၁၆ ဦးကျော်ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား နှာခေါင်းစည်းများ လှူဒါန်းပေးအပ်
Jun 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ စာသင်ကျောင်း(၂)ကျောင်းတွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူ (၃၅၀)ဦးနှင့် ဆရာ၊ ဆရာမ(၄၈)ဦးအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများကို ယမန်နေ့နေ့လယ်ပိုင်းက မြိတ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက သွားရောက် လှူဒါန်း ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါ ဖြစ်စေမည့် ဗိုင်းရပ်စ်၊ ဗီဇပြောင်းမျိုးကွဲများအကြောင်း ဆွေးနွေးဟောပြော
Jun 26,2021
ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်းရုံးရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်စေမည့် ဗိုင်းရပ်စ်၊ ဗီဇပြောင်းမျိုးကွဲများအကြောင်း ဆွေးနွေးဟောပြောခြင်းကို ယမန်နေ့ ညနေ(၃)နာရီက ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jun 26,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်အရ (၂၀၂၂)ခုနှစ်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်းမဲပေးခွင့်မဆုံးရှုံးစေရေးအတွက်၊ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိရပ်ကွက်/ကျေးရွာနေပြည်သူများအား အိမ်ထောင်စုစာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပြီးစီး၍ နိုင်ငံသားကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 26,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေးဝင်းဦးဆောင်၍ ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Zoom Meeting System ဖြင့်ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးရှိ ဝန်ထမ်းများအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများပေးအပ်
Jun 26,2021
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် အုတ်စီရေမြောင်း တည်ဆောက်ခြင်းဆောင်ရွက်မှုလုပ်ငန်း (၉၀)ရာခိုင်နှုန်းပြီးစီး
Jun 26,2021
ကရင်ပြည်နယ်၊ ဘားအံမြို့စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူသွားလာမှုလွယ်ကူစေ ရေး၊ လမ်းပျက်စီးမှုမရှိစေရေး၊ မြို့သာယာလှပစေရေးနှင့် ရေစီးရေလာ ကောင်းမွန်မြန်ဆန် စေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေ ကျပ် (၂၈၆.၉၆၂)သန်းဖြင့် ဘားအံမြို့အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးတွင် အုတ်စီရေ မြောင်းတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး
Jun 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask တပ်ဆင်ခြင်းရှိ/ မရှိ စစ်ဆေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26718
Page
26719
Page
26720
Page
26721
Current page
26722
Page
26723
Page
26724
Page
26725
Page
26726
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department