အမြို့မြို့အနယ်နယ်သတင်းများ

May 16,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမရပူရမြို့နယ်ရုံးတွင် ယနေ့နံနက် ၁၀ နာရီအချိန်က လာမည့်ရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်မှု ရှိစေရေး ပဉ္စမအကြိမ်မူကြမ်းများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
May 16,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အမှတ်(၂) ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များတွင် ခြင်ပေါက်ဖွားမှုနှုန်း လျှော့နည်းစေရေးအတွက် ယနေ့နံနက် ၉း၃၀ နာရီ အချိန်က ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
May 16,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာများစိုက်ထူခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာကျောင်းများ၌  ကျင်းပပြုလုပ်ခဲ့သည်။
May 16,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ KG မှ Grade-11 အထိ  အတန်းလိုက်အောင်စာရင်းများအား မေလ ၁၅ ရက်နေ့ နံနက်ပိုင်းမှစတင်၍ အခြေခံပညာကျောင်းများ၌ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
May 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ နတ်ကြီးကုန်း(ပျဉ်း)အုပ်စု၊ နန်းဇလူကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မာန်အွေ၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးအောင်ဖြိုးသော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက တောင်သူဦးလူဝင်း၏ နွေလယ်ဆင်းသုခစပါးစိုင်ခင်းကို စံကွက်ရိတ်သိမ်းရာ တစ်ဧကအထွက်နှုန်း အစိုတင်း ၁၃၀ ထွက်ရှိခဲ့ကြောင်း သိရသည်။
May 16,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်ပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၆)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
May 16,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ နန္နဝန် အရာထမ်းဝန်ထမ်းအိမ်ရာအတွင်းရှိ “နန္နဝန်အားမာန်” ဖူဆယ်အားကစား ဘောလုံးကွင်းဖွင့်ပွဲ အထိန်းအမှတ် ဝန်ထမ်းပေါင်းစုံ ဖူဆယ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါ အိမ်ရာအတွင်းရှိ ဖူဆယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အိမ်ရာအတွင်းနေထိုင်ကြသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ/မိသားစုဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ တက်ရောက်ကြသည်။
May 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၅ ခုနှစ်၊ မိုးရာသီမိုးစပါးပန်းတိုင်စံပြကျေးရွာ၊ မျိုးစေ့ထုတ် စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား (ပထမအကြိမ်) ယူရီးယားဓာတ်မြေဩဇာ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး‌ပေးအပ်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။