Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သဲကုန်းမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်
Jan 06,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၃) ကို ကျင်းပမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့်ပြန်ဆိုထားသည့် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှုလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်ခြင်းက်ို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောက်ခြုံကြီးကျေးရွာနှင့် ပေါက်တောကုန်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြသည်သူ့ဆေးရုံကြီး၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် မွေးဖွားသည့် ကလေးသူငယ်များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်
Jan 06,2026
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဇန်နဝါရီလ ၄ ရက်နေ့တွင် မွေးဖွားသည့် ကလေးသူငယ်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲကို ယမန်နေ့က ဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စံပြမိခင်နှင့်ကလေးပြိုင်ပွဲ၊ လွတ်လပ် ရေးမောင်/မယ် ဆုချီးမြှင့်ပွဲကျင်းပ
Jan 06,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းမှ ကြီးမှူး၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်စံပြ မိခင်နှင့်ကလေးပြိုင်ပွဲ၊ လွတ်လပ်ရေးမောင်/မယ် ဆုချီးမြှင်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ခုတင်(၁၀၀)ပြည်သူ့ဆေးရုံရှိ ဒေါ်သန်းတင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
Jan 06,2026
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ချမ်းအေးသာစံမြို့နယ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမဆောင်၌ ဇန်နဝါရီ ၃ ရက်နေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ် အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း(လွိုင်ချို)၌ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်
Jan 06,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေနှင့် ဝန်ထမ်းများမှ ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁၁) အခြေခံပညာမူလတန်းကျောင်း(လွိုင်ချို)၌ စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများနှင့် ပျောက်ဆုံး/ပျက်စီးသူများအား One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေး
Jan 06,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှဦးဆောင်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း(၂)တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မြေပြင်ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများမရှိသူများနှင့် ပျောက်ဆုံး/ပျက်စီးသူများအား ယမန်နေ့နံနက် ၉ နာရီက ထုံးဘိုကျေးရွာအုပ်စုနှင့် အနီးကျေးရွာများအား One Stop Service ဖြင့် အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမူလတန်းကြိုကျောင်း၌ ကာယစွမ်းရည်ပြိုင်ပွဲများနှင့် ဆုပေးပွဲ ကျင်းပ
Jan 06,2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီး ဌာနမှ ဖွင့်လှစ်သည့် ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကာယစွမ်းရည်ပြိုင်ပွဲများနှင့် ဆုပေးပွဲအခမ်းအနားကိုယမန်နေ့နံနက်ပိုင်းက မိုးညှင်းမူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလိန်အောင်မြို့၌ မဲရုံတာဝန်ကျထမ်းဆောင်ကြရမည့် နိုင်ငံ့ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေး
Jan 06,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၁၁)ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးနှင့်မဲရုံအကူများ၊ နိုင်ငံ့တာဝန်ဖြင့် ခရီးသွားရန်ရှိသူများအား ကြိုတင်ဆန္ဒမဲပေးခြင်းကို ဇန်နဝါရီ ၆ ရက်နေ့ နံနက်(၈)နာရီက ကလိန်အောင်မြို့အမှတ် (၃)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ စတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1755
Page
1756
Page
1757
Page
1758
Current page
1759
Page
1760
Page
1761
Page
1762
Page
1763
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department