Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နွေစပါး(မနောသုခ) စံပြကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြ
May 16,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ လိပ်ဆံခွန် (အနောက်) ကွင်းအမှတ် ၆၄၈ (ခ)၊ ဦးပိုင်အမှတ် ၁၃၄/၁ ရှိ တောင်သူဦးသန်းထွန်း၏ ၂.၄၀ ဧကရှိ မနောသုခ(မုရင်း)စပါး နွေစပါး စံပြကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က အဆိုပါ လယ်ကွင်း၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့အထွေထွေရောဂါကုဆေးရုံကြီးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်
May 16,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များကျရောက်လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီက မအူပင်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်ဦးဆောင်မှုဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြမှုများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် အသက် (၁၈) နှစ်နှင့် အထက် အတည်ပြုလူဦးရေစာရင်း (ပဉ္စမမူကြမ်း) မှန်ကန်စေရေးနှင့် ဆက်စပ်၍ ဆောင်ရွက်
May 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် အတည်ပြုလူဦးရေ (ပဉ္စမမူကြမ်း) မှန်ကန်စေရေးနှင့် ဆက်စပ်၍ မေလ ၁၆ ရက်နေ့ မှ စတင်ကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ
May 16,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ပတ်သက်၍ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းနှင့် ငလျင်ဒဏ်ခံအဆောက်အဦများ ဆောက်လ…
May 16,2025
မန္တလေးတိုင်းဒေသကြီးအတွင်း အင်အားအလွန်ပြင်းထန်သော မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော အဆောက်အအုံများ၊ ပြုပြင်တည်ဆောက်ခြင်းနှင့် ငလျင်ဒဏ်ခံအဆောက်အဦများ ဆောက်လုပ်ခြင်း နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (မန္တလေး)တို့မှ အင်ဂျင်နီယာများ၊ ပညာရှင်များ၊ နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်တွင် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်
May 16,2025
တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ် (၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံမှ ကျေးလက်နေပြည်သူများ ကျန်းမာရေးဗဟုသုတရရှိစေရန် ဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသခြင်းကို မေလ (၁၆) ရက်၊ နံနက် (၉) နာရီခွဲက ဂွေးဇီးကျေးရွာအုပ်စု၊ မယ်ဇလီအိုင့်ကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပင်လောင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဥပဒေဆိုင်ရာ အသိပေးဆွေးနွေး
May 16,2025
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဥပဒေဆိုင်ရာ အသိပေးဆွေးနွေးခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်က ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၊ ကလေးစာဖတ်ခန်း၌ ကျောင်းသား/သူ ကလေးများ ဘောလုံးပစ်/ဖမ်းကစားခြင်းဆောင်ရွက်
May 16,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ စာကြည့်တိုက်သို့လာရောက် ကြသည့် ကျောင်းသား/သူကလေးများ စိတ်ရွှင်လန်း၍ ပျော်ရွှင်စေရေး ဘောလုံးပစ်/ဖမ်းကစားခြင်း ဆောင်ရွက်မှုကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1756
Page
1757
Page
1758
Page
1759
Current page
1760
Page
1761
Page
1762
Page
1763
Page
1764
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department