ပခုက္ကူ ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ဇန်နဝါရီလ ၄ ရက်နေ့တွင် မွေးဖွားသည့် ကလေးသူငယ်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပွဲကို ယမန်နေ့က ဆောင်ရွက်ကြသည်။
ပခုက္ကူမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် မွေးဖွားသည့် ကလေးသူငယ်(၄)ဦးအတွက် တစ်ဦးလျှင်ငွေကျပ် (၁)သိန်းနှုန်းဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဂုဏ်ပြုချီးမြှင့်ငွေများကို ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦးနှင့်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့က ကလေးမိဘများထံလက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ပြီး ကလေးသူငယ်များအတွက် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ကူညီဆောင်ရွက်ပေးခြင်း၊ မိဘများအား အားပေးစကားပြောကြားခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)