သဲကုန်း ဇန်နဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၃) ကို ကျင်းပမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့်ပြန်ဆိုထားသည့် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှုလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်ခြင်းက်ို ယနေ့နံနက် (၁၀) နာရီအချိန်က ဆောက်ခြုံကြီးကျေးရွာနှင့် ပေါက်တောကုန်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူနှင့် ဝန်ထမ်းများက ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီ နိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့" စသည့်အကြောင်းအရာများကို တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့်ပြန်ဆိုထားသည့် လက်ကမ်းစာစောင်များအား အဆိုပါကျေးရွာများရှိ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ဖြန့်ဝေပေးခဲ့ကြပြီး၊ ပြသထားသာ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် သတိပြုလိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်များနှင့် MEVM မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးပုံ လုပ်ငန်းအဆင့်ဆင့်၊ ဒို့အတူတူ မဲပေးကြမယ်လက်ကမ်းစာစောင်ပါ အကြောင်းအရာများပါရှိသော အသိပညာပေးနံရံကပ်စာစောင်အား ပြည်သူများမှစိတ်ပါဝင်စားစွာ ကလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်