အမြို့မြို့အနယ်နယ်သတင်းများ

Jun 13,2022
ကျိန္တလီမြို့၌  မိုးရာသီ ဒီရေတော သစ်ပင်စုပေါင်းစိုက်ပျိုးပွဲကို ဇွန်လ(၁၁)ရက်နေ့၊ ညနေ (၃)နာရီအချိန်တွင် ကျိန္တလီမြို့ ICM (ကမ်းရိုးတန်းဒေသဘက်စုံစီမံအုပ်ချုပ်မှု) နယ်နမိတ်အတွင်း ဒီရေတောတွင် ကျင်းပပြုလုပ်သည်။
Jun 13,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ရှမ်းရွာသစ်မြို့အတွင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ သူ(၃၂၉)ဦးထိုးနှံ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Jun 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ ဇွန်လ (၁၃) ရက်နေ့ နံနက်(၉)နာရီခွဲ အချိန်ခန့်က စာဖတ်ခြင်း၏အကျိုး အသိပညာပေး Talk Show အစီအစဉ်ကို ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်၍ Online မှတစ်ဆင့် ကာလိမြို့ ပြည်သူ့စာကြည့်တိုက် (Page)၌ လွှင့်တင်ပေးခဲ့ကြောင်း သိရသည်။
Jun 13,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ရိုက်ကူးဆောင်ရွက်မှုအစီအစဉ်ကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jun 13,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် (Community Centre) ခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ဗန်းမော်ခရိုင် အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 13,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အသက် (၅) နှစ်မှ (၁၂) အထိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်များတွင် ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဇွန်(၁၂)ရက်နေ့ ညနေ ၃ နာရီ ၃၀ အချိန်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။