ဗန်းမော် ဇွန် ၁၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် (Community Centre) ခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဲစုမိုးက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ Talk Show အစီအစဉ်ကို ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းနှင့် ပတ်သက်သည့် အချက်အလက်များကို ပြည်သူများ သိရှိလေ့လာနိုင်ရန် မေးမြန်း ခဲ့ရာ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်တင်စိုးက အသေးစားစက်မှု လက်မှုလုပ်ငန်းဥပဒေ၊ နည်းဥပဒေအကြောင်း ဌာနတွင် မှတ်ပုံတင်နိုင်သည့် လုပ်ငန်းအမျိုးအစား များ၊ မှတ်ပုံတင်ခြင်းဖြင့် လုပ်ငန်းရှင်များရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ဗန်းမော်ခရိုင်အတွင်း၌ အသေးစား စက်မှုလက်မှုဦးစီးဌာနက ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိသည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်းများ အကြောင်းနှင့် သင်တန်းတက်ရောက်ပြီးသူများအား မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်း ဆောင်ရွက်နိုင်သည့် အကြောင်း များကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)