ရှမ်းရွာသစ်မြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား / သူ(၃၂၉)ဦး ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီး

ရှမ်းရွာသစ်   ဇွန်  ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ရောဂါကင်းဝေးစေပြီး ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ရှမ်းရွာသစ်မြို့အတွင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/ သူ(၃၂၉)ဦးထိုးနှံ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုတာဝန်ရှိသူများနှင့် ကျောင်းသားမိဘများပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး မြို့အတွင်းရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/သူ (၃၆၉)ဦးလျာထားကာ ကျောင်းသား/သူ(၃၂၉)ဦးထိုးနှံပေးနိုင်ခဲ့ပြီး ဇူလိုင်လ(၅) ရက်နေ့မှစ၍ ဒုတိယအကြိမ်အဖြစ်ကာကွယ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ ရဟန်းသံဃာတော်များ၊ သက်ကြီး ဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၁၈)နှစ်အထက်ဒေသနေပြည်သူများ၊ အသက်(၁၂)နှစ် ပြည့်ပြီး ကျောင်းနေအရွယ်ကလေးများနှင့် အသက်(၅)နှစ်မှ(၁၂)နှစ်ထိ ကျောင်းနေအရွယ်ကလေး ငယ်များ၊ အကြောင်းအမျိုးမျိုးကြောင့် တစ်ကြိမ်တစ်ခါမျှကာကွယ်ဆေးမထိုးနှံရသေးသူများ၊ ကာကွယ်ဆေးထိုးနှံခွင့် ရှိသူများအားလုံးတစ်ဦးတစ်ယောက်မျှမကျန်ရှိစေရေးအတွက် စဉ်ဆက် မပြတ်အလေးထားကာ အသိပညာပေးနှိုးဆော်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)