ကာလိမြို့၌ စာဖတ်ခြင်း၏ အကျိုးအသိပညာပေး Talk Show ဆောင်ရွက်

ကာလိ ဇွန် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ ဇွန်လ (၁၃) ရက်နေ့ နံနက်(၉)နာရီခွဲ အချိန်ခန့်က စာဖတ်ခြင်း၏အကျိုး အသိပညာပေး Talk Show အစီအစဉ်ကို ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်၍ Online မှတစ်ဆင့် ကာလိမြို့ ပြည်သူ့စာကြည့်တိုက် (Page)၌ လွှင့်တင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ခြင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းဆေးက" စာဖတ်ခြင်းဖြင့် အံ့ဩဖွယ်ရာ စိတ်တည်ငြိမ်မှုတွေ ရရှိနိုင်ပါတယ်။ လတ်တလော အကျိုး‌ကျေးဇူးအနေနဲ့ အာရုံစိုက်ပြီး စာဖတ်နေချိန်တွင် တည်ငြိမ်အေးချမ်းမှုကို ခံစားနိုင်မှာဖြစ်ပြီး ရေရှည်အကျိုး ကျေးဇူးကတော့ စိတ်အာဟာရ ပြည့်ဝကာတည်ငြိမ်ရင့်ကျက်တဲ့ အတွေးအခေါ်တွေ ရှိတဲ့ လူတစ်ယောက်အဖြစ် ဖော်ဆောင်ပေးမှာ ဖြစ်ပါတယ်။ စာဖတ်တဲ့အခါမှာ မိမိဘဝအတွက် တိုးတက်မှု၊ တည်ငြိမ်မှု၊ အောင် မြင်မှု၊ ကောင်းမွန်မှုတွေကို ဖော်ဆောင်ပေးမယ့် စာပေတွေကိုသာ ရွေးချယ်ဖတ်ရှုပြီး စိတ်အစဉ်မှာ နှလုံးသွင်းရမှာဖြစ်ပါတယ်။ သို့မှသာ စိတ်နှလုံးတည်ငြိမ်ပြီး ရင့်ကျက်ခိုင်မာတဲ့ လူသားတစ်ဦးအသွင်အဖြစ် ကူးပြောင်းလာမှာဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်ခြင်းဟာ စိတ်တည်ငြိမ်မှုရရှိစေဖို့အတွက် အထောက်အကူဖြစ်စေမယ့် အလွယ်ကူဆုံး နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ သို့သော်လည်း စာတွေကို ရွေးချယ်ဖတ်ရှုနိုင်မှသာ ထိရောက်စွာ အကျိုးကျေးဇူးရရှိမှာဖြစ်ပါကြောင်း " လူငယ်များစာဖတ်ခြင်းဖြင့် အသိပညာဗဟုတကြွယ်ဝစေခြင်း၊ အတွေ့အကြုံကောင်းများရရခြင်း၊ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းမွန်စေခြင်း၊ စိတ်ကူးပုံဖော်ဖန်တီးနိုင်စွမ်းရှိခြင်းစသည်တို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မြို့နယ်ဦးစီးမှူးနှင့် အငယ်တန်းစာရေးတို့က အပြန်အလှန် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကာလိ(ပြန်/ဆက်)