မိုင်းပျဉ်း ဇွန် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ရိုက်ကူးဆောင်ရွက်မှုအစီအစဉ်ကို ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် မူးယစ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ရရှိလာနိုင်သောဆိုးကျိုးများ၊ ဘိန်းဖြူအကြောင်း၊ ဘိန်းဖြူသုံးစွဲခြင်းဖြင့်ရရှိလာနိုင်သည့် ဆိုးကျိုးများ၊ စိတ်ကြွဆေးပြားများအကြောင်း၊ စိတ်ကြွပြားဆေးပြားသုံးစွဲခြင်းဖြင့် ရရှိလာနိုင်သောဆိုးကျိုးများနှင့် ကော်ရှူခြင်း၏ အာနိသင်များအကြောင်းတို့ကို မိုင်းပျဉ်းမြို့နယ်ရဲတပ်ဖွဲ့၊ စခန်းမှူးဒုရဲမှူး အောင်ကျော်က အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ရိုက်ကူးလွှင့်တင်ဆောင်ရွက်မှုအစီအစဉ်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန We Love Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)