ဘိုကလေးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဘိုကလေး ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းတွင်  မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဇွန်(၁၂)ရက်နေ့ ညနေ ၃ နာရီ ၃၀ အချိန်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်သည်။

အဆိုပါ ဟောပြောပွဲသို့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် နည်းပြများ၊ သင်တန်းသား/သူများ တက်ရောက်ကြပြီး မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသော်ထက်အောင်မှ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ၊ သဘာဝဘေးဖြစ်ပွားမှုနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များအား ဟောပြောဆောင်ရွက်ခဲ့ပြီး မုန်တိုင်းအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူ သရုပ်ပြ လေ့ကျင့် ဆောင်ရွက်ခြင်း၊ အသိပညာပေး ဗီနိုင်းပိုစတာများ လှူဒါန်းခြင်းတို့ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)