ကွန်ဟိန်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပန်းချီဆွဲပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ကွန်ဟိန်း ဇွန် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် ပန်းချီဆွဲပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားအား ယနေ့နံနက်(၉:၀၀)အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်မှ ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများမှ ပန်းချီများရေးဆွဲခဲ့ကြပါသည်။

ဆက်လက်၍ ဆုပေးပွဲအားကျင်းပခဲ့ရာ ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲဝင်သူများအား မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင် အခြေခံပညာကျောင်း(၃)ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရပါသည်။

ပြည့်(ကွန်ဟိန်း)