ဖျာပုံ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ကျုံတာကျေးရွာအုပ်စု၊ အ.ထ.က-ကျုံတာကျောင်းဝန်းအတွင်းရှိ အလျား (၁၂၀)ပေ၊ အနံ (၃၀)ပေရှိ RC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က အဆိုပါကျောင်းဆောင်သစ်ရှေ့တွင် ပြုလုပ်သည်။
အဆိုပါကျောင်းဆောင်သစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းနှင့် တိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်လှိုင်တို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းဆောင်သစ်အတွင်း ကျောင်းသား ကျောင်းသူများ စာသင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါကျောင်းဆောင်သစ်အား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း သွန်းရွှေစင်ကုမ္ပဏီက အလျား (၁၂၀)ပေ၊ အနံ (၃၀)ပေ၊ RC တစ်ထပ်ကို ငွေကျပ်သိန်းပေါင်း (၉၉၀)ကျော်ဖြင့် (၁၅- ၅-၂၀၂၁)ခုနှစ်မှ စတင်ဆောက်လုပ်ပြီး (၂၇-၃- ၂၀၂၂)ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သော ကျောင်းဆောင်သစ်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖျာပုံမြို့နယ် ကျုံကဒွန်းကျေးရွာ၊ အ.ထ.က-ကျုံကဒွန်း ကျောင်းရှိ အလျား (၁၂၀)ပေ၊ အနံ (၃၀)ပေ၊ RC တစ်ထပ်ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)