မိုင်းဖြတ်မြို့နယ်၌ ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်

မိုင်းဖြတ် ဇွန် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားရာ မြို့နယ်အတွင်း သတ်မှတ်ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပြည်သူများအကြိမ်ပြည့်ထိုးနှံပြီး ပူးပေါင်းပါဝင်ရေး၊ ထို့အတူ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေမှုအခြေအနေများ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့်အတူ အဆင့်ဆင့်ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများကိုဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

​သန်းထွန်း​အေး