မင်းတုန်း ဇွန် ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့တွင် မိုးရာသီ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း နှင့် အဘိတ်ဆေးခတ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက်အတွင်း စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းမိုး၊ ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များမှ ပိုးလောက်လန်းများ မပေါက်ဖွားနိုင်ရန် ရေသိုလှောင်သည့်ရေကန်များ၊ သောက်ရေအိုးစင်များ၊ ဘုရား ပန်းအိုးများ၊ ရေတင်ကျန်ရှိနိုင်သည့် စွန့်ပစ်ပစ္စည်းများအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)