မိတ္ထီလာတွင် ဓမ္မစကူးလ်သင်တန်း ရက်ပေါင်း(၄ဝ) ဖွင့်လှစ်ပို့ချမည်

မိတ္ထီလာ ဇွန် ၁၅

မိတ္ထီလာမြို့၊ မြို့မရပ်ကွက်ရှိ မြို့ရှေ့တိုက် အောင်သိဒ္ဓိကျောင်းတိုက်တွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်းဖွင့်လှစ်ပို့ချမည့် ဓမ္မစကူးလ်သင်တန်းအား ရက်ပေါင်း (၄ဝ)ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ရာ သင်တန်းတက်ရောက်လိုသောကျောင်းသူကျောင်းသားအနေဖြင့် မည်သူမဆိုဆက်သွယ်စာရင်းပေး တက်ရောက်နိုင်ကြောင်း သိရသည်။

အဆိုပါ ဓမ္မစကူးလ်သင်တန်းသို့ KG မှစတင်ပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသူကျောင်းသားများ တက်ရောက်နိုင်ပြီး တက်ရောက်လိုသော ကျောင်းသူကျောင်းများ၏ မိဘများနှင့် အုပ်ထိန်းသူများကိုယ်တိုင် သင်တန်းလာရောက်အပ်နှံရန်လိုအပ်ကြောင်း၊ သင်တန်းတက်ရောက် လိုသူများ၏မိဘ၊အုပ်ထိန်းသူများအနေဖြင့် ဖုန်း ၀၉- ၄၄၇၇၄၂၄၁၂ အောင်သိဒ္ဓိကျောင်းတိုက်ဆရာတော်ထံ ဆက်သွယ်စုံစမ်းနိုင်ကြောင်းနှင့် အဆိုပါသင်တန်းအား ဇွန်လ ၁၉ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ အောင်သိဒ္ဓိကျောင်းတိုက်တွင် လူပုဂ္ဂိုလ်များဆိုင်ရာ အောင်ဓမ္မဒီပ စာပေသင်တန်းကိုလည်းဖွင့်လှစ်ပို့ချခြင်း၊ ယဉ်ကျေးလိမ္မာ ဓမ္မစကူးလ်သင်တန်းများဖွင့်လှစ်ပို့ချခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချမ်းသာ